ကျောက်တန်း နိုဝင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ခေတ်မီစံပြကန်ပြောင်ကျေးရွာတွင် SMART Village စီမံကိန်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးကျော့လှိုင်နှင့်ဝန်ထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးသန်းထွန်းနှင့်ဝန်ထမ်းများ၊ သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူနှင့်နှင့်ဝန်ထမ်းများမှ (၂၉-၁၁-၂၀၂၂)ရက်နေ့တွင် ခေတ်မီစံပြကန်ပြောင်ကျေးရွာတွင် SMART Village စီမံကိန်းဖြင့် ဆောင်ရွက်မှုများ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)ဖြင့် CP အသားတိုးဝက်မွေးမြူခြင်း လုပ်ငန်းကော်မတီဝင်များ၊ အသက်မွေးဝမ်းကျောင်း အဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက်ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ်က လုပ်ငန်းဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခဲ့ပြီး (RBF)အသက်မွေးဝမ်းကျောင်းအဖွဲ့များနှင့် လိုအပ်ချက်များဆွေးနွေးခဲ့ပြီး ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) ရန်ပုံငွေဖြင့် ကျေးရွာအသက်မွေးဝမ်းကျောင်းအဖွဲ့(၄)ဖွဲ့၊ အဖွဲ့ဝင်(၂၀)ဦးက(RBF)ထောက်ပံ့ငွေကျပ်(၃၀၀)သိန်း၊ အသက်မွေးဝမ်းကျောင်းရန်ပုံငွေအဖွဲ့ (အဖွဲ့ရန်ပုံငွေ)ကျပ် (၁၀၀)သိန်း စုစုပေါင်းငွေကျပ်(၄၀၀)သိန်းဖြင့် ဆောင်ရွက်သော CP အသားတိုး ဝက်မွေးမြူထားမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခေတ်မီစံပြကန်ပြောင်ကျေးရွာတွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း(၁)ခု၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အိမ်သွယ်ရေတိုင်သွယ်တန်းခြင်းလုပ်ငန်း(၂)ခု၊ ရေကန်ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်း(၁)ခု၊ VDP စီမံကိန်းဖြင့် စင်မြင့်ရေစင်နှင့် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ CFW စီမံကိန်းဖြင့် မြေသားလမ်းမြေသားဖို့တင်ခြင်းနှင့် စာသင်ကျောင်းခြံစည်းရိုးကာရန်ခြင်းလုပ်ငန်းများနှင့် ကျေးရွာသူ/ကျေးရွာသားများအသိပညာပေးသင်တန်းများပို့ချခြင်း၊ သက်ကြီးရွယ်အိုများထောက်ပံ့ခြင်းများဆောင်ရွက်လျက်ရှိပါသည်။ SMART Village စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများစီးပွားရေး၊ လူမှုရေးနှင့်ရုပ်ပိုင်းဆိုင်ရာတို့ ရေရှည်တည်တံ့သောနေရာများအဖြစ်သို့ ပြုပြင်ပြောင်းလဲသွားပြီး အားလုံးပူးပေါင်းဆောင်ရွက်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် စံပြကျေးရွာအဖြစ်ဖော်ဆောင်သွားဖြစ်သည့်အတွက် ကျေးရွာနေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတက်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)