လွိုင်လင်မြို့၌ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေး

လွိုင်လင် နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို နိုဝင်ဘာလ ၂၈ ရက်နေ့ နှင့် ယမန်နေ့ နံနက်ပိုင်းများတွင် ရေးဖြေစာမေးပွဲစစ်ဆေးပြီး၊ ယမန်နေ့ မွန်းလွဲပိုင်း၌ အထွေထွေဗဟုသုတစစ်ဆေးခြင်းများ ဆောင်ရွက်ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။ ထိုသို့ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းက ကူညီဆောင်ရွက်ပေးကြကြောင်းနှင့် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှု့ စစ်ဆေးကြကြောင်း သိရသည်။

ယနေ့ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းတွင် Grade -9 မှ ကျောင်းသား/သူ (၂၀)ဦး၊ Grade -10 မှ ကျောင်းသား/သူ( ၁၂) ဦးနှင့်  Grade-11 မှ ကျောင်းသား/သူ (၁၂)ဦး ၊ စုစုပေါင်း(၄၄)ဦးတို့အား စစ်ဆေးကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)