ကျွန်းစုမြို့တွင် မိုးစပါးနှင့်ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

ကျွန်းစု နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမိုးအောင်က ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက သန္တုတ်ကျေးရွာ၊ မင်းဂုတ်ကျေးရွာ၊ မောင်းလှော်ကျေးရွာ၊ မဲတောကျေးရွာ၊ စခန်းသစ်ကျေးရွာများမှ မိုးစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးသည့် တောင်သူများကို မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းမှ ထုတ်ဝေသော ယူရီးယား ဓာတ်မြေဩဇာ (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် (၄၆၀၀၀) ကျပ်ဖြင့် အိတ် (၁၀၀) အား ဖြန့်ဖြူး ရောင်းချပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)