မြင်းမူမြို့နယ် ပြန်/ဆက် ဦးစီးဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

မြင်းမူ ဒီဇင်ဘာလ၂ ရက်

မြင်းမူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ကလေးအလုပ်သမားပပျောက်ရေးအသိပညာ ပေး Talk Show ကျင်းပခြင်းကို ယနေ့ နံနက်ပိုင်းက မြင်းမူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မိုးက Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သက်အိစံက ကလေး အလုပ်သမားပပျောက်ရေး လှုပ်ရှားဆောင်ရွက်မှု အခြေအနေများ၊ ကလေးသူငယ်များ၏ အခွင့်အရေးများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေး ပြေားကြားခဲ့သည်။

မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟု သုတများ ရရှိစေရန် Talk Show များဆောင်ရွက်ခြင်း၊ စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ ဆောင်ရွက် ခြင်း၊ သုတ/ ရသစာအုပ်၊ စာစောင်များ အခမဲ့ငှား ရမ်းပေးခြင်း၊ ကလေးငယ်များအတွက် ပြပွဲ/ ပြိုင်ပွဲများကို  အခါအားလျော်စွာ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)