သတင်းများ

မလှိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ
Dec 03,2022
မလှိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီအချိန်တွင် မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုရပ်မှ မြို့မအားကစားကွင်း အထိ အသွား/ အပြန် စုပေါင်လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်၌ ဒီဇင်ဘာအားကစားလ (ပထမပတ်) စု​ပေါင်းလူထုလမ်း​လျှောက်ပွဲကျင်းပ
Dec 03,2022
ရန်ကုန်တိုင်း​ဒေသကြီး အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ဒီဇင်ဘာအားကစားလ (ပထမပတ်) စု​ပေါင်းလူထုလမ်း​လျှောက်ပွဲကို ယ​နေ့နံနက် ၅ နာရီအချိန်က မြို့နယ်အုပ်ချုပ်​ရေးမှူးရုံး၏ စီစဉ်ဦး​ဆောင်မှုဖြင့်ဘိုရပ်ကွက်၊ ကျောင်းကြီးလမ်းမှ စတင်၍ စု​ပေါင်းလမ်း​လျှောက်ခဲ့​ကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာပေခရီး၊ စာပေရေးရာဆွေးနွေးမှု (Talk Show) ကျင်းပ
Dec 03,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာရေးဆရာ ချမ်းမြေ့အေး၏ စာပေခရီးနှင့်အ‌တွေ့အကြုံများမျှဝေသည့် ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၉)နာရီတွင် လူထုအခြေုပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူအသိပညာပေး (Talk Show) ပြုလုပ်
Dec 03,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူအသိပညာပေး (Talk Show) ကိုယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
သုံးခွမြို့နယ် ဌာနဆိုင်ရာများ ကျေးရွာပြည်သူလူထုနှင့်‌ ဒေသဖွံ့ဖြိုးရေးတွေ့ဆုံဆွေးနွေး
Dec 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ရေပေါ်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မရုံတွင် ရေပေါ်ကန်ကျေးရွာ၊ ရှမ်းစု‌ကျေးရွာ၊ နံယော‌ကျေးရွာ၊ သခွပ်ကုန်း ကျေးရွာရှိ ပြည်သူလူထုနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ အားကစားလ စုပေါင်း လူထုလမ်းလျှောက်ပွဲ စတင်ကျင်းပ
Dec 03,2022
“စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဟူသည့် ကျန်းမာရေး ဆောင်ပုဒ်နှင့်အညီ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေး ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယနေ့နံနက် ၅ နာရီက အခြေခံပညာအထက်တန်းကျောင်းရှေ့ ခုံးတံတားအဆင်းတွင် စတင်ကျင်းပခဲ့သည်။
ဒလမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလအတွင်း ဌာနဆိုင်ရာများပူးပေါင်း၍ လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစားများစုပေါင်းလေ့ကျင့်
Dec 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ဒီဇင်ဘာလူထုအားကစားလအတွင်း ဌာနဆိုင်ရာများ ပူးပေါင်း၍ လမ်းလျှောက်ခြင်းနှင့်ကိုယ်လက်လှုပ်ရှား အားကစားများ စုပေါင်းလေ့ကျင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၅)နာရီ အချိန်က ဒလတွံတေးကားလမ်းမကြီးမှ ကမာကသွယ်ရပ်ကွက်ရှိ ဗိုလ်တေဇအားကစား ကွင်းအထိ လမ်းလျှောက်ခဲ့ကြပြီး ကိုယ်လက်လှုပ်ရှား အားကစားများ ပြုလုပ်ခဲ့ကြသည်။
စလင်းမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းနှင့်ပုံစံ (၆၆/၆) တိုက်ဆိုင်စစ်ဆေးစာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
Dec 03,2022
မကွေးတိုင်ဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ မြေပြင်လူဦးရေစာရင်းကောက်ယူရေးပုံစံ (၆၆/ ၆) တိုက်ဆိုင် စစ်ဆေးစာရင်းကောက်ယူနိုင်ရေးအတွက် အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။