သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုလမ်းလျှောက်ပွဲ အင်အား၃၀၀၀ ကျော် ပါဝင်ဆင်နွှဲ
Dec 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုတွင် ဒီဇင်ဘာလ ၃ ရက်နေ့ ပထမအပတ် လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီခွဲအချိန်က မုံရွာမြို့ပြည်သူ့အားကစားကွင်းရှေ့၌ ကျင်းပပြုလုပ်ရာ စုပေါင်းလမ်းလျှောက်သူ  အင်အား ၃၀၀၀ ကျော်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မိုးညှင်းမြို့၌ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေရေး ဒေသခံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
Dec 03,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ဒေသခံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက​ စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ထန်းတပင်မြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလအဖြစ် စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ
Dec 03,2022
၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလူထု အားကစားလအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင်ကျင်းပပြုလုပ်သည်။
ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး ထန်းတောကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံ
Dec 03,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထန်းတောကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် (၂)နာရီက ထန်းတောကျေးရွာ ဘုန်းတော်​​​​ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာနေ ပြည်သူများ တက်ရောက်ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒီဇင်ဘာအားကစားလူထုလမ်း​လျှောက်ပွဲကျင်းပ
Dec 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြင့် စုပေါင်းလမ်းလျှောက်ပွဲ‌ဆောင်ရွက်ခြင်းအား ယနေ့နံနက် (၅) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သမ္မာသမ္ဗုဒ္ဓ မြို့စေတီတော်အထိ စုပေါင်းချီတက်လမ်းလျှောက်ခဲ့ကြသည်။
ပင်လောင်းမြို့နယ်တွင်ဆီထွက်သီးနှံ နေကြာမျိုး စေ့ထုတ်စိုက်ကွင်းတွင်မျိုးကွဲနုတ်ပယ်ခြင်း ကွင်းလက်တွေ့သရုပ်ပြခြင်းဆောင်ရွက်
Dec 03,2022
ပြည်တွင်း၌စားသုံးဆီ အလုံအလောက်ထုတ်လုပ်နိုင်ရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဒေသရာသီဥတုနှင့်ကိုက်ညီသော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာသီးနှံအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စိုက်ဧကများတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ
Dec 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့နယ်တွင် မသန်စွမ်းသူဆိုင်ရာအခွင့်အရေး (Talk Show) ဆွေးနွေးပွဲကျင်းပပြုလုပ်
Dec 03,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်းသူများဆိုင်ရာအသင်းအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူများဆိုင်ရာအခွင့်အရေး (Talk Show) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။