သတင်းများ

ဖြူးမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ ပြုလုပ်
Dec 03,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ ပြုလုပ်ရာတွင် ယနေ့နံနက်(၆)နာရီအချိန်က စတင်ကာ ဗိုလ်ချုပ်လမ်းရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှေ့မှ  ရန်ကုန်-မန္တလေးလမ်းမကြီးအတိုင်း ဖြူးချောင်းတံတားအနီး သာသနာ့ဗိမ္မာန်ရှေ့ထိ စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကန့်ဘလူမြို့၌ ကျင်းပ
Dec 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခန့်က လူထုစုပေါင်းလမ်းလျှောက်ခြင်းကို တပျော်တပါးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သီပေါမြို့အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ရှေးဦးပြုစုခြင်း  အခြေခံသင်တန်းဖွင့်လှစ်
Dec 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းအခြေပြုရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို ယမန်နေ့နံနက် (၉) နာရီ က စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေး စီမံဆောင်ရွက်ထားရှိမှုများအား ခရိုင်အဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 03,2022
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေး စီမံဆောင်ရွက်ထားရှိမှုများအား နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ခရိုင်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်ငွေနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်တွင် ဒီဇင်ဘာလ (ပထမပတ်) လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလူထုလမ်းလျှောက်ပွဲပြုလုပ်
Dec 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားခရိုင် ၊ ဒဂုံမြို့နယ်တွင် ဒီဇင်ဘာလ(ပထမပတ်) လူ ထုလှုပ်ရှား အားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က ပြည်အရှေ့ရပ်ကွက် ပြည်သူ့ရင် ပြင်နှင့်ပြည်သူ့ဥယျာဥ်အတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက လမ်း လျှောက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ပေါ်(၇)ရပ်ကွက်၌ အိမ်ထောင်စုလူဦးရေစာရင်များအား မြေပြင်တွင်တိုက်ဆိုင် စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်
Dec 03,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ပေါ် (၇)ရပ်ကွက်၌ အိမ်ထောင်စုလူဦးရေ စာရင်းများအားမြေပြင်တွင် တိုက်ဆိုင်စစ်ဆေးကွင်းဆင်းခြင်းကို ဒီဇင်ဘာ ၁ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်သိရသည်။
မိုင်းယုမြို့၌ ဒီဇင်ဘာလ(ပထမပတ်) လူထုလမ်းလျှောက်ပွဲပြုလုပ်
Dec 03,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ဒီဇင်ဘာလ၏(ပထမပတ်)လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ စတင်တာလွှတ်ခဲ့ရာ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာရှိ ဘုန်းကြီးကျောင်းအထိ  တစ်ပျော်တစ်ပါးပါဝင်စုပေါင်း လမ်းလျှောက်ခဲ့ကြသည်။
နတ်မောက်မြို့၌ဒီဇင်ဘာလူထုအားကစားလဌာနဆိုင်ရာများစုပေါင်းလမ်းလျှောက်ပွဲပြုလုပ်
Dec 03,2022
ကျန်းမာရေးဝန်ကြီးဌာနက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးအတွက် အခြေခံအကျဆုံးဖြစ် သည့်ပြည်သူလူထုများ ပါဝင်ဆင်နွှဲ၍နံနက်စောစော ထလမ်းလျှောက်ခြင်းဖြစ်သည့် လူထုအားကစားလှုပ်ရှားခြင်းကို နတ်မောက်မြို့ဌာနဆိုင်ရာများ စုပေါင်း၍ယနေ့နံနက် ၅နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးရှေ့စုရပ် ပြုလုပ်ပြီးနတ်မောက်-မကွေးကားလမ်းမြို့အထွက် နတ်မောက်မြို့နယ်ဗိုလ်တေဇ အားကစားကွင်း အထိလမ်းလျှောက် ခဲ့ကြကြောင်းသိရသည်။