သတင်းများ

ကျုံပျော်တွင် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်
Dec 04,2022
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင် သန်စွမ်းရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်က စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒီဇင်ဘာ လူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ
Dec 04,2022
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မား ရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၆) နာရီအချိန်က ကျင်းပခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ မကွေးသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများနှင့် အားကစား စိတ်ဝင်စားသည့် ပြည်သူများမှ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇလောင်းကျေးရွာအုပ်စု တောင်သူများနှင့် တွေ့ဆုံ
Dec 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စုအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက်ကုန်များဖြင့် အသေးစား အလတ်စား စာသောက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မိုင်တိုင် အမှတ် ၂၁၃/၃ ဖာလုံရှိ တောင်သူ ဦးကျော်စိုး၏ သရက်စိုက်ပျိုးရေးခြံ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ပထမပတ်) စည်ကားသိုက်မြိုက်စွာ ကျင်းပ
Dec 04,2022
ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးအားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်ရန် ပါဝင်ဆင်နွဲရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၆ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ ကျင်းပသည်။
ဇေယျာသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအုပ်စု၊ ကျောက်ချက်ကျေးရွာရှိ ဓမ္မသုခလယ်ပြင်ကျောင်းတိုက်ဓမ္မာရုံ၌ ဒုတိယအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ကောင်စီမှကြီးမှူး၍ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဒေးဒရဲမြို့၌ လူထုလမ်းလျှောက်ပွဲနှင့် ကိုယ်ခန္ဓာကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်
Dec 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ အားကစားနှင့် ကာယပညာဦးစီးဌာနက တစ်မျိုးသားလုံး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးအတွက် ဒီဇင်ဘာလပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့က စတင်၍ မြို့တွင်းလမ်းမများတစ်လျှောက်တွင် စုပေါင်းလမ်းလျှောက်ပွဲကို ဆောင်ရွက်ခဲ့သည်။
နောင်ချိုမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်
Dec 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေး   Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျိုက်လတ်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲပြုလုပ်
Dec 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှစ်စဉ်ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို စနေနေ့တိုင်း ပြုလုပ်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် ယနေ့နံနက်(၅)နာရီက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲကို ပထမအပတ်အနေဖြင့် ပြုလုပ်ခဲ့သည်။