ရွှေတောင် ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တော အထကခွဲကျောင်းတွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးဟောပြောပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနိုင်စိုးက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် သိကောင်းစရာများနှင့် မှုခင်းကျဆင်းရေးအကြောင်း၊ မြို့နယ်ဥပဒေအရာရှိဦးဇာနည်ထက်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ဆိုင်ရာဥပဒေများအကြောင်းတို့ကို ကျောင်းသား/ သူများအား ဟောပြောဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသောကျောင်းသား/ သူလေးများက သိရှိလိုသည်များကိုပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။
ကိုကို မင်း ( ပြန် / ဆက်)