ကျောက်ကြီးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်းရှိ စားသောက်ဆိုင်နှင့် စျေးရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တာဝန်ရှိသူများစစ်ဆေး

ကျောက်ကြီး   ဒီဇင်ဘာ   ၉

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်းရှိ စားသောက်ဆိုင်နှင့် စျေးရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တာဝန်ရှိသူများ လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ စားသောက်ဆိုင်နှင့် စျေးရောင်းဆိုင်များအားလိုက်လံစစ်ဆေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံညွှန်ကြားမှုဖြင့် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူးနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့ဦးဆောင်ပြီး မြို့မစျေးအတွင်းရှိ စားသောက်ဆိုင်နှင့် စျေးရောင်းဆိုင်များတွင် မီးလောင်လွယ်သည့် လောင်စာဆီထားရှိမှု ရှိမရှိ၊ မီးလောင်လွယ်သည့် စျေးရောင်းကုန်ပစ္စည်းများ စနစ်တကျထားရှိမှု ရှိမရှိ၊ လျှပ်စစ်ဝါယာပေါက်ပြဲမှုရှိမရှိ၊ မီးသတ်ဆေးဗူးထားရှိမှုရှိမရှိနှင့် စားသောက်ဆိုင်များအား မီးကျွင်းမီးကျန်များအထူးဂရုပြု ငြိမ်းသတ်ရန်မှာကြားခြင်း ကြည့်ရှုစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် မြို့မစျေးနှင့်ပတ်သက်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ မြို့မစျေးသူ စျေးသားများနှင့် မိမိဝန်ထမ်းများ မီးဘေးကြိုတင်ကာကွယ်ရေး အသိ၊ သတိရှိစေရန်နှင့် စျေးသူစျေးသားများ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်းပြီး ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ပြောကြားချက်အရသိရသည်။

မြို့နယ်ပြန်/ဆက်