သဲကုန်းမြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး

သဲကုန်း ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကျား၊ မ အခြေပြုအကြမ်းဖက်မှုအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့က လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့်အဖွဲ့ဝင်များက ကျားမအခြေပြုအကြမ်းဖက်မှု အသိပညာပေး လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုသည်မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် နေရာမရွေး အချိန်မရွေး ဖြစ်ပွားနိုင်ပါသည်။ အကြမ်းဖက်မှု အမျိုးအစားများ၊ အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းရင်း၊ အများဆုံး ဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှု အကျိုးဆက်များ၊ ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်များ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များ ကျား၊ မ အခြေပြုအကြမ်းဖက်မှု ဖြစ်ပွားပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ကျား၊ မ အခြေပြု အကြမ်းဖက်မှုများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ဆောင်မှု၊ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုကို သိရှိတွေ့ရှိပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ဆက်သွယ်တိုင်ကြား အကူအညီ ရယူနိုင် သည့် ဖုန်းနံပါတ်များ စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး