ရသေ့တောင် ဒီဇင်ဘာ ၉
ရသေ့တောင်မြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဒေါ်မအေးသန်း၊ မြို့မစျေးကော်မတီဥက္ကဋ္ဌ ဦးလှကျော်သာ တို့နှင့်ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် တပ်ဖွဲ့ဝင်များက ရသေ့တောင်မြို့အရှေ့တောင်ရပ်ကွက်ရှိ မြို့မစျေးမီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ အကြံပြုစစ်ဆေးခဲ့ကြပါသည် ယခုအချိန်သည်ပွင့်လင်း ရာသီသို့ရောက်ရှိလာပြီ ဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိ ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းနှင့်မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြား ကြရန်စသည်တို့အား အသိပေးနှိုးဆော်ကြကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)