အုတ်တွင်း ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီနှင့် ဟင်္သာရွှေမြေ တိုင်းဒေသကြီး တောင်သူလယ်သမားအဖွဲ့အစည်းတို့ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းပညာသင်တန်းကို အုတ်တွင်းမြို့နယ် ဂုံမင်းသာကျေးရွာအုပ်စု သပြေတန်းကျေးရွာ၌ ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ပို့ချသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းပညာသင်တန်းကို ပညာရပ်ငါးမျိုးဖြစ်သည့် သဘာဝမြေဩဇာပြုလုပ်နည်း၊ EM ဘိုကာချီပြုလုပ်နည်း၊ ငါးအမိုင်နိုဖြည့်စွက်အားဆေးပြုလုပ်နည်း၊ ကောက်ရိုးမှိုနှင့် ဗေဒါမှိုစိုက်ပျိုးနည်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲမှုသင်တန်းတို့ကို တိုင်းဒေသကြီးတောင်သူလယ်သမားအဖွဲ့အစည်းဥက္ကဋ္ဌ ဒေါ်သူဇာခိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံတောင်သူများအား ဆွေးနွေးပို့ချခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများဆောင်ရွက်ပေးသည်။
ထို့နောက် အသက်မွေးပညာသင်တန်းငါးမျိုးဖြင့် တောင်သူများ ဒေသတွင်းကျွမ်းကျင်သည့်ပညာဖြင့် ပိုင်နိုင်စွာအသုံးချတတ်ပြီး မိသားစုဝင်ငွေရရှိစေရေးအတွက်ရည်ရွယ်၍ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း ဟင်္သာရွှေမြေ တိုင်းဒေသကြီးတောင်သူလယ်သမားအဖွဲ့အစည်းဥက္ကဋ္ဌ ဒေါ်သူဇာခိုင်က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)