မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ပြည်ကြီးတံခွန်မြို့နယ်တွင် တန်ဖိုးသင့်ထမင်းဘူးများ ရောင်းချပေးလျက်ရှိ

ပြည်ကြီးတံခွန်   ဒီဇင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီမံကြီးကြပ်မှုဖြင့် ပြည်ကြီးတံခွန်မြို့နယ်၊ ဈရပ်ကွက်၊ ၁၃၇ လမ်းနှင့် ၁၃၉ လမ်းကြား၊ ၆၂ လမ်းပေါ်တွင် ပြည်သူသက်သာ ထမင်းတစ်ပွဲကျပ်ငါးရာဖြင့် အခြေခံလူတန်းစားများအတွက် ထမင်း၊ ကြက်သား၊ ငရုတ်သီးကြော်တို့ပါဝင်သော ထမင်းဘူး တစ်ဘူးလျှင် (၅၀၀)ကျပ်ဖြင့် ယနေ့နံနက် ၁၁ နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါထမင်းရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းနိုင်က အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)