ရွှေတောင်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး သရုပ်ပြသခြင်းများဆောင်ရွက်

ရွှေတောင်  ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့မစည်ပင်သာယာစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်း သရုပ်ပြသခြင်းများကို ယမန်နေ့ ညနေ ၃နာရီက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားပြုလုပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်စိုးနှင့်  အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၅၀)ဦး ခန့်တက်ရောက်ခဲ့ပြီး မီးသတ်ဆေးဘူးဖြင့်မီးငြိမ်းသတ်ခြင်း၊ မီးသတ်ယာဉ် (၅) စီးတို့ဖြင့်မီးဘေးသရုပ်ပြခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)