ပေါင်းတည် ဒီဇင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စိုက်ပျိုးထုတ်လုပ်ရေးအတွက် ဆောင်းသီးနှံမျိုးစုံ စုစုပေါင်း ၆၆၆၈၄ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
စိုက်ပျိုးရေးကုန်ထုတ်လုပ်မှု မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနှင့် တောင်သူများ ပူးပေါင်း၍ ကြိုးစားဆောင်ရွက်လျက်ရှိရာ ယခုနှစ် ဆောင်းရာသီတွင် ပေါင်းတည်မြို့နယ်၌ မြေပဲ ၅၁၄၃ ဧက၊နှမ်း ၇၇၁၈ ဧက၊နေကြာ ၁၅၁၇ ဧက၊ချည်မျှင်ရှည်ဝါ ၅၈ ဧက၊မတ်ပဲ ၃၉၁၈၃ဧက၊ပဲတီစိမ်း ၆၇၂၈ ဧက၊ဘိုကိတ် ၂၁၇ ဧက၊ ကုလားပဲ ၅၆၂ ဧက၊ပဲကြီး ၃၁၁ဧက၊ပဲနောက် ၉၄၂ ဧက၊ငရုတ် ၃၈၂ ဧက၊ ကြက်သွန်နီ ၂၄၁ ဧက တို့ စိုက်ပျိုးထားရှိပြီး ဟင်းသီးဟင်းရွက် ၃၆၈၂ ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။
သူရကြီး(ပြန်/ ဆက်)