ပျော်ဘွယ်မြို့နယ်တွင် အခြေခံလူတန်းစားများအတွက် ချိုသာသောဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေး

ပျော်ဘွယ် ဒီဇင်ဘာ ၁၃

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၏စီစဉ်ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ အခြေခံလူတန်းစားများအားချိုသာသော ဈေးနှုန်းဖြင့်စားသုံးဆီများ ရောင်းချပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက ညောင်နီပင်ကျေးရွာနှင့်ကန်သာ ကျေးရွာတို့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

စားသုံးဆီများကို အခြေခံလူတန်းစားများ ချိုသာသောဈေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ရန် တစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ကျေးရွာ နှစ်ရွာအတွက်(၅၅၀)ပိဿာ ပိဿာရောင်းချပေးနိုင်ခဲ့သည်။

မြို့နယ်ကုန်သည်ကြီးများအသင်းနှင့် ဆီလုပ်ငန်းရှင်များပူးပေါင်း၍ သတ်မှတ်ရက်များအလိုက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့သွားရောက်ကာ အခြေခံလူတန်းစားများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆီလုပ်ငန်းရှင်များထံမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)