အမရပူရ ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၏ အနီကပ်ကြီးကြပ်မှုဖြင့် အမရပူရမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါ ဝင်သောစစ်ကြောင်းကြီး ၅ ကြောင်းနှင့် ရွှေဂွမ်းထုပ် ရပ်ကွက် ဒေသခံပြည်သူများ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန် အဆိုပါရပ်ကွက်ရှိ နဂါးရုံဘုရားဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ ဝင်(၁) - ဗိုလ်မှူးကျော်တေဇက ဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံရသည့် ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကော်မရှင် ဒုတိယဦးစီးမှူးဦးဇော်လတ်က လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်ကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အကျယ်တဝင့်ရှင်း လင်းပြောကြားခဲ့သည်။ ယင်းနောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင် ၂ ဦးကိုကိုဇော်က ပြည်သူများအတွက် အမှန်တကယ်လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့် ပတ်သက်၍ တင်ပြကြရန်ပြောကြားခဲ့သည်။တက် ရောက်လာသူများ ကကျူးကျော်အိမ်ကိစ္စ၊ မှတ်ပုံတင်ကိစ္စ၊ ကုန်စျေးနှုန်းကြီးမြင့်မှုကိစ္စနှင့် မီးလင်းရေးကိစ္စရပ်များကို တင်ပြကြရာ သက်ဆိုင်ရာဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တက်ရောက်လာသော ပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဆန်တစ်ပြည်အိတ် (၂၄)အိတ်ဆီငါးဆယ်သားဘူး(၁၀)ဘူး၊ ကြက်ဥငါးလုံးထုပ်(၃၀)ထုပ်၊ စုစုပေါင်း ၆၄ ကို တက်ရောက်လာသည့် ပြည်သူများ အားမဲဖောက်၍ ရရာပစ္စည်းများပေး အပ်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)