သတင်းများ

လိပ်သိုမြို့တွင် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ကဗျာရွတ်ဆို ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Dec 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့၌ မကူးစက်နိုင်သောရောဂါများ (NCD Clinic) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေး
Dec 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ်၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့်စောင့်ရှောက်ရေးရိပ်သာများသို့ မကူးစက်နိုင်သောရောဂါများ (NCD Clinic) ကွင်းဆင်းဆေးကုသပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် စာရေးဆရာအောင်သင်း၏ “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ’’ စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်
Dec 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများစာပေများ ဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
လိပ်သိုမြို့ (Community Centre) ခန်းမ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Dec 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အမျိုး သမီးများအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ စာသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စာသုံးသူရေးရာဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများ၊ ​ကျောင်းသား၊ ကျောင်းသူများ အစားအစာ ဘေးအန္တရာယ် ရှင်းကင်းစေရေး ရည်ရွယ်၍ စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ဆင်ကူးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
သာကေတမြို့နယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသားအားကစားပွဲတော် မြို့နယ်အဆင့် အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ လူရွေးပွဲကျင်းပ
Dec 14,2022
ရန်ကုန်တိုင်းဒေသကြီး ၊သာကေတမြို့နယ် အားကစားကွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသားအားကစားပွဲတော် မြို့နယ်အဆင့် အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ လူရွေးပွဲကို ယနေ့ နံနက် (၆:၃၀) နာရီက ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ခန္တီးမြို့၊ မြို့မ မင်္ဂလာဈေးအတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Dec 14,2022
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးအန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော မတော်တဆမှုများ ဖြစ်ပွားပေါ်ပေါက်လာပါက အလျှင်အမြန် တုံ့ပြန်ဆောင်ရွက်ပေး လျက်ရှိရာ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် အထူးသဖြင့် ဈေးမီးလောင်မှုကြီးများ မပေါ်ပေါက် စေရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအဖြစ် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ကို ခန္တီးမြို့၊ မြို့မ မင်္ဂလာဈေးအတွင်း ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်က စစ်ဆေးခဲ့သည်။