ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူငယ်လူရွယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာဗဟုသုတတိုး ပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကြာအင်းဆိပ်ကြီးမြို့ အမှတ် (၅)ရပ်ကွက်ရှိ အမှတ်(၇)အခြေခံမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီး အရာရှိ ဒေါ်နှင်းကြည်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ လူငယ်နှင့်မူးယစ်ဆေးဆိုးကျိုး များခေါင်းစဉ်တို့ကို ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ဆက်ဦးစီးဌာနမှ သက်ရှည်ကျန်းမာ လူသားကမ္ဘာ မူးယစ်ဆေးကိုတိုက်ဖျက်ပါ၊ မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှု၊ ဉပဒေဆိုင်ရာဖမ်းဆီးခံရမှု၊ ဉပဒေပြဌာန်းချက်များပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာကျောင်းသားကျောင်း သူများမှ စိတ်ဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)