ဒဂုံတောင် ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ(မြို့နယ်အဆင့်) လူရွေးချယ်ပွဲကို ယနေ့နံနက်(၇)နာရီမှစတင်ကာ မြို့နယ် အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း ၌ ပြုလုပ်ကြောင်းသိရသည်။
ယနေ့လူရွေးချယ်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်း လူရွေးချယ်ပွဲအတွက် ပဏာမအဆင့်လူရွေးချယ်ခြင်း၊ အပြီးသတ်လူရွေးချယ်ခြင်းများ ဆောင်ရွက်ပြီး ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြသည်။
ထိုသို့ရွေးချယ်ရာတွင် အသက် ၁၈ နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘောလီဘောပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲများအား ယမန်နေ့က ရွေးချယ်ပေးပြီး ယနေ့တွင် ပြေးခုန်ပစ်အားကစားနည်းအလိုက် လူရွေးချယ်ခြင်းနှင့် အကောင်းဆုံးကစားနိုင်သော ကျောင်းသား/ကျောင်းသူများကို မြို့နယ်ပညာရေးမှူးရုံးမှဦးစီး၍ အားကစားနည်းပြ ဆရာ၊ ဆရာမများက သတ်မှတ်စည်းကမ်းများနှင့်အညီ စိစစ်ရွေးချယ်ကာ ခရိုင်အဆင့် ကျောင်းသားအားကစားပွဲတော်တွင် မြို့နယ်ကိုယ်စားပြုယှဉ်ပြိုင်နိုင်ရေးအတွက် ဆက်လက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)