နောင်ချိုမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်

နောင်ချို        ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြာပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို နိုဝင်ဘာလ ၁၅ရက်နေ့ မွန်းလွဲ (၁)နာရီခွဲက အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ကျောင်းသား၊ ကျောင်းသူလေးများအား မြန်မာ့လွတ်လပ်ရေး ဗိသုကာဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများကို အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်း၊ လွတ်လပ်ရေး၏အရသာ၊ လွတ်လပ်ရေးကို အဓွန့်ရှည် တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ကြရန်လိုအပ်ကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။

ထို့နောက် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုမြင့်ဌေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)