စဉ့်ကူးမြို့တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

စဉ့်ကူး  ဒီဇင်ဘာ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ယနေ့နံနက် ၈နာရီအချိန်က စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ပြုလုပ်ခဲ့သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့် အမှတ် (၂)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင် ဦးစီး၍ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး သော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးနန်းကိုဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အခြေခံစားသောက် ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ရာ ဆန်(၁)ပြည် ၁၆၀၀ ကျပ်နှုန်းဖြင့်ဆန် ၁၀ အိတ်၊ ဆီ(၁)ပိဿာ ၅၅၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၁၀၀၊ ကြက်ဥ (၁)လုံး ၁၆၀ ကျပ်နှုန်းဖြင့် ၁၀၀၀ လုံး၊ ပဲတောင့်ရှည် ၁ ပိဿာ ၁၀၀၀ နှုန်းဖြင့် (၅၀)ပိဿာ၊ ခရမ်းသီး ၁ ပိဿာ ၅၀၀ နှုန်းဖြင့် (၅၀)ပိဿာ၊ ခရမ်းချဉ်သီး ၁ ပိဿာ  ၁၀၀၀ နှုန်းဖြင့် ၅၀ ပိဿာတို့ကို ပြည်သူ ၁၂၀၀ ဦးတို့ထံသို့ ရောင်းချပေးနိုင်ခဲ့ကြောင်း စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)