စလင်း ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ MPT သုံးစွဲသူများအား MPT SIM Card မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီ ၃၀မိနစ် အချိန်က စတင်ပြုလုပ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
စလင်းမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတာဝန်ခံ ဦးအောင်ကျော်ဦး၏ ကြီးကြပ်ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူအများ ကိုင်တွယ်အသုံးပြုနေသည့် MPT SiM Card များအား စိတ်အေးချမ်းသာစွာ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် ယခင်မှတ်ပုံတင်မိတ္တူနှင့်မှတ်ပုံတင်ထားခြင်းများ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များ မပြည့်စုံမှုများနှင့် အမှန်တစ်ကယ်သုံးစွဲသူများနှင့် ဖုန်းဆင်းကဒ်အချက်အလက်များ မှန်ကန်မှုမရှိခြင်းများအား ပြန်လည်၍ ပြုပြင်ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီ ၃၀မိနစ် အချိန်မှစတင်ကာ ညနေ ၄ နာရီအချိန်အထိ လုပ်ဆောင်ပေးလျက်ရှိရာ မိမိကိုယ်ပိုင် SiM Card မှတ်ပုံတင်ခြင်းနှင့်မှတ်ပုံတင်မည့် MPT SiM Card များကို တစ်ပါတည်းယူဆောင်လာကြရမည်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မပြုလုပ်သည့်ဆင်းကဒ်များအား ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
မြို့နယ် ပြန်/ ဆက်