မင်းကင်းမြို့တွင်​(၇၅) နှစ်​မြောက်​စိန်​ရတု လွတ်​လပ်​ရေး​နေ့အကြို သံလုံးပစ်၊ လှံတံပစ်နှင့် မီတာ (၁၀၀)၊(၄၀၀)၊(၈၀၀)အပြေးပြိုင်​ပွဲများ ပြုလုပ်​

မင်းကင်း ဒီဇင်​ဘာ  ၁၈

စစ်​ကိုင်းတိုင်း​ဒေသကြီး၊  ကလေးခရိုင်၊ မင်းကင်းမြို့တွင်​ ဇန်​နဝါရီ ၄ ရက်​နေ့၌ ကျ​ရောက်​မည့်​(၇၅) နှစ်​မြောက်​စိန်​ရတု လွတ်​လပ်​ရေး​နေ့ကို ကြိုဆိုဂုဏ်​ပြု​သောအားဖြင့်​ သံလုံးပစ်၊ လှံတံပစ်၊ မီတာ(၁၀၀)၊(၄၀၀)၊(၈၀၀)အပြေးပြိုင်​ပွဲများအား ယ​နေ့နံနက်​ ၁၀ နာရီကပြည်သူ့အားကစား ကွင်းကြီး၌ ပြုလုပ်​ခဲ့သည်​။

အဆိုပါ ပြိုင်​ပွဲများကို မြို့နယ်​စီမံအုပ်ချုပ်​ရးအဖွဲ့ဥက္ကဋ္ဌ ဦး​ရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား (၇၅) နှစ်​မြောက်​စိန်​ရတု လွတ်​လပ်​ရေး​နေ့၌ ဆုများအသီးသီး ချီးမြှင့်​သွားမည်​ဖြစ်​ကြောင်း သိရသည်​။

ဒေါ်ကျိန်ငိုက်မန်(ပြန်/ဆက်)