လယ်ဝေး ဒီဇင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ သာယာကုန်းကျေးရွာတွင် ယနေ့ နံနက်ပိုင်းက မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကောက်ရိုးထုံးစက်ဖြင့် သရုပ်ပြပွဲဆောင်ရွက်ခဲ့သည်။
ကောက်ရိုးထုံးစက်ဖြင့် သရုပ်ပြပွဲအား သာယာကုန်းကျေးရွာမှတောင်သူ ဦးသိန်းအောင်၏ လယ်မြေ ၂ ဧကတွင်ဆောင်ရွက်ရာ နေပြည်တော် တိုင်းစက်မှုလယ်ယာဦးစီးဌာနမှူး ဦးနိုင်ဦး၊ လယ်ဝေးခရိုင်ဦးစီးဌာနမှူး ဦးတိုးသီလ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးမောင်ကြိုင်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် တိုင်းဦးစီးဌာနမှူးက အဆိုပါစက်ကိုအသုံးပြုခြင်းဖြင့် တောင်သူများအနေဖြင့် သိမ်းဆည်းရလွယ်ကူခြင်း၊ အချိန်ကုန်သက်သာခြင်း၊ လယ်ယာလုပ်သားရှားပါးမှုအား ဖြေရှင်းနိုင်ခြင်း၊ နောက်သီးနှံအချိန်မီစိုက်ပျိုးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ရှင်းလင်းပြောကြား၍ ကောက်ရိုးထုံးစက်ဖြင့် သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေကြည် ( ပြန်/ ဆက် )