သပိတ်ကျင်းတပ်နယ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး

သပိတ်ကျင်း ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ်ကျင်းတပ်နယ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် (ပဥ္စမ)အကြိမ် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် သပိတ်ကျင်းတပ်နယ် တပ်မတော်သားများ၊ တာဝန်ခံအရာရှိကြီးများ၊ တပ်မတော်မိသားစုဝင်များမှ ဆန်(၇)အိတ်၊ ဆီ( ၁၁၀)ပိဿာ၊ ကြက်သွန်နီ၊ အာလူး၊ ကြက်ဥစသည့် စားသောက်ကုန်များအား ဆန်(၁)ပြည် ၁၆၀၀ကျပ်၊ ဆီ(၁)ပိဿာ၅၅၀၀ကျပ်၊ ဆား( ၁)ပိဿာ ၃၀၀ကျပ်၊ ကြက်သွန်နီ(၁)ပိဿာ၄၂၀၀ကျပ်၊ အာလူး( ၁)ပိဿာ ၂၄၀၀ကျပ်၊ ကြက်ဥတစ်လုံး ၁၆၀ ကျပ်နှုန်းဖြင့် သပိတ်ကျင်းမြို့ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စုစုပေါင်း လူဦးရေ(၂၀၀)ကျော်တို့အား ပြင်ပတွင်ရောင်းချသည့် စျေးနှုန်းထက်သက်သာသည့် စျေးနှုန်းများဖြင့် ပဥ္စမအကြိမ် ဆက်လက်ရောင်းချပေးလျက်ရှိရာ ပြည်သူများဝမ်းသာစွာဖြင့် လာရောက်ဝယ်ယူကြကြောင်း သိရသည်။

ထို့အပြင် နှာခေါင်းစည်းအသုံးမပြုသူပြည်သူများအား တာဝန်ရှိသူများက နှာခေါင်းစည်းများ ဝေငှပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်၊ အဆိုပါစျေးရောင်းချရာသို့ သပိတ်ကျင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းမြတ်သူနှင့် သပိတ်ကျင်းတပ်နယ်မှ တာဝန်ရှိသူများမှ လာရောက်ကြည့်ရှူ့အားပေးခဲ့ကြောင်း သိရသည်။

မြိုနယ်(ပြန်/ ဆက်)