ငရုတ်ကောင်း ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာရှိ ကွင်းအမှတ်(၁၉၆၂)၊ ဦးပိုင်အမှတ်(၂၇/၁)၊ တောင်သူဦးဝင်းနိုင်၏ လယ်မြေ(၄)ဧက၌ ဆောင်းသီးနှံ(နေကြာ) သီးသန့်စိုက်ပျိုးမှု မျိုးစေ့ချပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်းသီးနှံ(နေကြာ)မျိုးစေ့ချပွဲ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးဦးဝေယံဦး၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးမြတ်သန်းထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးကျော်စွာထွန်း၊ မြို့အဆင့်ဌာနဆိုင်ရာများနှင့် နေကြာစိုက်ပျိုးမည့် တောင်သူများတက်ရောက်ခဲ့ကြပြီး လက်ဖြင့်ကျင်းတူး၍ မျိုးစေ့ချစိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)