ကျောက်တန်း -ဖက်နမ် -ပင်လုံလမ်းပေါ်ရှ ိကျောက်စီရေမြောင်းဆောင်ရွက်ပြီးစီး

လွိုင်လင်  ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျောက်တန်း-ဖက်နမ်ပင်လုံလမ်းပေါ်ရှိ ကျောက်စီရေမြောင်းများ ဆောင်ရွက်ပြီးစီးမှုများကို ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ လမ်းဦးစီးဌာနမှတာဝန်ရှိသူများလိုက်ပါ၍ ရှေးဦးစွာ အဆိုပါလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ကီလိုမီတာ (၁၉.-၂၀.) အတွင်းရှိ ကျောက်စီရေမြောင်း ၆၇၀ မီတာအရှည် တည်ဆောက်ခြင်းကိုလည်းကောင်း၊ ယင်းနောက် မိုင်တိုင်အမှတ် ကီလိုမီတာ (၂၀.-၂၁.၀၀) အတွင်းရှိ ကျောက်စီရေမြောင်း ၅၀၀ မီတာ တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ ဆက်လက် ၍ အဆိုပါလမ်းပေါ်ရှိ မိုင်တိုင်အမှတ်ကီလိုမီတာ (၂၁.၀၀ - ၂၁.၅၀) အတွင်းရှိ ၁၅၀ မီတာအရှည် ကျောက်စီရေမြောင်း တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်းများ အားလုံး ၁၀၀% ပြီးစီးနေပြီဖြစ်‌ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)