ကွမ်းခြံကုန်းမြို့နယ်၌ နေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကွမ်းခြံကုန်း အောက်တိုဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် နေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ ပေးပွဲအခမ်းအနားကို ယမန်နေ့ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်က နေကြာစိုက်ပျိုးမှုနှင့် ပတ်သက်၍ စီမံကိန်းလျားထားဧက ရာနူန်းပြည့်စိုက်ပျိုးသွားရန် လမ်းညွန်အမှာစကား ပြောကြားခြင်း၊ တွံတေးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနခရိုင် ဦးစီးမှူးဦးခင်မောင်ဦးက နေကြာစိုက်ပျိုးရေး လုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ ကွမ်းခြံကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းက စီမံကိန်းနေကြာစိုက်ပျိုးရေး လုပ်ငန်းများနှင့် နေကြာဧက ရာနူန်းပြည့်စိုက်ပျိုးရန်အတွက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခြင်းနှင့် ကွမ်းခြံကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်စိုက်ပျိုးရေးတာဝန်ခံ ဦးကြည်စိန်က နေကြာဧကရာနူန်းပြည့် စိုက်ပျိုးရန်အတွက် လုပ်ငန်းဆောင်ရွက်မှုနှင့် မျိုးစေ့စုဆောင်ထားရှိမှု အခြအနေတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ပြီးတာဝန်ရှိသူများ ကနေကြာစိုက်ပျိုးမည့် တောင်သူများထံသို့ နေကြာစိုက်ပျိုးရေး တိုက်နယ်အလိုက် ကြီးကြပ်မှုတာဝန်ခံများမှတဆင့် နေကြာမျိုးစေ့များအား တောင်သူလက်ဝယ်အရောက် ဆက်လက် ပေးအပ်နိုင်ရေးအတွက် ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။

ထိုနောက်တွံတေးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်နှင့် အဖွဲ့ဝင်များသည် ကွမ်းခြံကုန်းမြို့နယ်၊ တော်ပုလွဲရပ်ကွက်ရှိ တော်ပုလွဲသောက်ရေကန်သို့ သွားရောက်၍ မြို့နယ်ရေပေးဝေမှု အခြေအနေနှင့် ရေကန်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု့အား ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။

ဆွေနွယ်(ပြန်/ဆက်)