ဒိုက်ဦးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ

ဒိုက်ဦး ဒီဇင်ဘာ  ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရတနာခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန် လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာလက်ထောက်ပညာရေးမှူး ဦးဇော်မြင့်လွင်က အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဆွေသက်အောင်က “လူငယ်စကားဝိုင်း”ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက်  “လူငယ်စကားဝိုင်း"စတင်ကျင်းပဆောင်ရွက်ခဲ့ပါသည်။

လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဆွေသက်အောင်နှင့်ကျောင်းသား/သူ(၃)ဦးတို့ကဆောင်ရွက်ကာ  လူငယ်နဲ့စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စားသုံးသူအခွင့်အရေးစသည့်ခေါင်းစဉ်များဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ အပြန်အလှန်ဆွေးနွေး ဆောင်ရွက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့လက်ထောက်ပညာရေးမှူးဦးဇော်မြင့်လွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနဦးစီးအရာရှိဦးနေလင်းဦး၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးမျိုးမြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ဥမ္မာနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ(၁၅၀)ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအားကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်