မန်တုံ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်က မိခင်ကလေးဌာန ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်မာရေးဝန်ထမ်းများမှ မြို့ပေါ်ရပ် ကွက် ၃ ရပ်ကွက်၊ လွယ်ကန်၊ လောက်ကျယ်၊ မန်မောက်ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အသက်နှစ်နှစ်အောက် ကလေးများအား အသက်အပိုင်းအခြားအလိုက် ငါးမျိုးစပ်ကာကွယ်ဆေး၊ ဂျိုက်သိုး၊ ဝက်သက်၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါနှင့် မေးခိုင်ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)