မန်တုံ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီ ၃၀ မိနစ်အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က လူငယ်တွေအတွက် ပညာရေးသည် အဓိကရည်မှန်းချက် ဖြစ်ပါကြောင်း၊ လောကနီတိတွင် လူတစ်ယောက်၏ ဘဝအား(၃)ပိုင်း ခွဲခြားထားပြီး ပထမအရွယ်တွင် ပညာရှာ၊ ဒုတိယအရွယ်တွင် ဉစ္စာရှာ၊ တတိယအရွယ်တွင် တရားဘာဝနာရှာဆို၍ ညွှန်းဆိုထားကြောင်း၊ ပညာဆိုရာတွင် စာပေသာမက အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ အသက်မွေးဝမ်းကြောင်းပညာ၊ ကိန်းဂဏန်းဆိုင်ရာ အတွက်အချက်ပညာ၊ စီမံခန့်ခွဲမှုပညာ၊ ဉပဒေပညာ၊ ဆေးပညာ၊ အရောင်းအဝယ်ကုန်သွယ်ပညာ စသဖြင့် ပညာရပ် အမျိုးမျိုးရှိပါကြောင်းနှင့် စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားသင့်ကြောင်း၊ ဒုတိယဦးစီးမှုး ဒေါ်လွေးအေးတင်က လူငယ်နှင့်စာရိတ္တဆိုင်ရာ အကြောင်းအရာများ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများအား ဗဟုသုတရဖွယ် အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)