အားကစားဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ အားကစားဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် ပုဗ္ဗသီရိမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းနှင်းအေးတို့က အားကစားဆိုတာဘာလဲ၊ အားကစားအမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ၊ အားကစားကို ဘာကြောင့်လုပ်သင့်သလဲ၊ ယှဉ်ပြိုင်နိုင်မှ အားကစားမဟုတ်ကြောင်းနှင့် လူတိုင်းအားကစားကို နေ့စဉ် နည်းစနစ်တကျ ပြုလုပ်သင့်ပါကြောင်း ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိ​မြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပခဲ့သည့် အားကစားဆိုင်ရာ အသိပညာပေး Talk Show အပြည့်အစုံကို ပုဗ္ဗသီရိမြို့နယ်ရုံး၏ Facebook page ဖြစ်သည့် Welovepobbathiri Facebook Page တွင် တင်ဆက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန္တာလင်း ( ပုဗ္ဗသီရိ)