ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းစီမံချက် အစည်းအဝေးကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းစီမံချက် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး(ကျိုင်းတုံ)တွင် ကျင်းပသည်။

အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး ဦးထိန်လင်းက လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းစီမံချက်အား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အစည်းအဝေးတက်ရောက်သူများက  ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်စာရင်းကောက်များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးကြသည်။

ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်စွက်ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)