ဘုတ်ပြင်း ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မြို့နယ်အဆင့် မိုးစပါးစံ ကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကမာချောင်းကျေးရွာ ကွင်းအမှတ်- ၈၂၂ ၊ ဘုတ်ပြင်းကွင်း ဦးပိုင် အမှတ် N-၁၈ တောင်သူ ဦးစံသိန်း၏ ဧရာမင်း မိုးစပါးစံပြကွက်တွင် ဆောင်ရွက်ခဲ့သည်။
မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ဘုတ်ပြင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးညွှန်းဝင်းနှင့်ဝန်ထမ်းများ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးအောင်ဆန်းငွေနှင့် ဝန်ထမ်းများ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက မိုးစပါးစံကွက်ရိတ်သိမ်းမှု အားကြည့်ရှုအားပေးကြသည်။
အဆိုပါတောင်သူ ဦးစံသိန်း၏ ဧရာမင်း မိုးစပါးစံကွက် (၆.၆)ပေ ပတ်လည် ကိုရိတ်သိမ်းခဲ့ရာ မိုးစပါး ပျှမ်းမျှတစ်ဧက အစို( ၇၈.၁၂ )တင်း အခြောက်(၇၅.၄၀)တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်( ပြန်/ဆက်)