ကရသူရိ ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ကွမ်းသီးခြံပိုင်အချို့သည်ကွမ်းသီးခွဲ ခြမ်း(ညှပ်စိပ်) ဈေးပိုရရှိနေ၍ ကွမ်းသီးအလုံးထက် အခြမ်း(ညှပ်စိပ်)ရောင်းချမှု ပိုမိုအားကောင်းလျက်ရှိကြောင်းသိရသည်။
“ဒီနှစ်ရာသီ ကွမ်းသီးဈေးကတော့ ခြံပိုင်ရှင်တော်တော်များများကို စီးပွားရေးကျပ်တည်းစေခဲ့တာပေါ့။ အရောင်း/အဝယ်လည်းပါးတယ်။ ဒါပေမယ့် ကွမ်းသီးခွဲခြမ်း(ညှပ်စိပ်)ကတော့ တစ်ပြည် ကို(၅၆၀၀)ကျပ်ရရှိပြီး အလုံးရောင်းအားနှင့်ယှဉ်မည်ဆိုရင် သူက တစ်မျိုးပြောင်းပြီး ဈေးပိုရရှိနေတယ်။ ကွမ်းသီးအလုံးကို နှစ်ခြမ်းစိတ်ကာ တစ်ပတ်လောက် အခြောက်ခံ နေလှမ်းပြီး ညှပ်စိတ် အဆင့်ကို ပြုလုပ်ရတယ်” ဟု ခြံပိုင်ရှင်တစ်ဦးကပြောသည်။
ကွမ်းသီးဈေးကျဆင်းမှုကြောင်း ကွမ်းခြံပိုင်ရှင်အများစုက စီးပွားရေးအကျပ်အတည်းဖြင့် ရင်ဆိုင်နေကြရသော်လည်း ကွမ်းသီးခွဲခြမ်း(ညှပ်စိပ်)သည် ကွမ်းသီးအလုံးရောင်းချမှုထက် တွက်ခြေကိုက်လျက်ရှိရာ တစ်ပိုင်တစ်နိုင်ကွမ်းခြံများကသာ မိသားစုစားဝတ်နေရေးအတွက် ပြုလုပ်ရောင်း ချမှုရှိသော်လည်းစီးပွားအဖြစ်စိုက်ပျိုးကြသည့် ခြံပိုင်ရှင်များအနေဖြင့် မျှော်မှန်းထားသည့်ဈေးမရရှိသေး၍ သိုလှောင်သိမ်းဆည်းထားလျက်ရှိကြောင်း သိရသည်။
ကရသူရိပြန်/ဆက်