ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ကန်ကြီးထောင့်   ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာ အေးချမ်းသာယာရေးအတွက်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့နံနက် ၉ နာရီအချိန်က  သဘော့ငူကျေးရွာအုပ်စု၊ကွင်း​​လယ်စုကျေးရွာတွင် ဒေသခံပြည်သူများတွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးနိုင်လင်းအောင်က  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးဆိုင်ရာ လုပ်ငန်းများအားလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး စိုးကြည်က ပြည်သူများအကြား မှုခင်းကျဆင်းရေးဆိုင်ရာတို့အား အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်အဆင့်ဌာန ဆိုင်ရာများက သက်ဆိုင်ရာဌာနများ၏ ပြည်သူ့အကျိုး ပြုလုပ်ငန်းများအား အသီးသီးဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာကြသော ဒေသခံပြည်သူများ၏ မေးမြန်းချက်များအား တာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရသည်။

မဇင် (ပြန်/ဆက်)