သာပေါင်းမြို့နယ် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် သင်္ကန်းပင်ဆိပ်၊ သစ်ပုတ်ကုန်း ကျေးရွာအုပ်စုများအရောက် ဖြည့်ဆည်းဆောင်ရွက်ပေး

သာပေါင်း ဒီဇင်ဘာ ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သင်္ကန်းပင်ဆိပ်ကျေးရွာနှင့် သစ်ပုတ်ကုန်းကျေးရွာ အုပ်စု၊ ဇီးဖြူကွင်းကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိ့နှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြသည်။
ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိ့နှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင် အဖွဲ့အမှတ် (၁)မှ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က သင်္ကန်းပင်ဆိပ်ကျေးရွာ အုပ်စု၊ သင်္ကန်းပင်ဆိပ်ကျေးရွာ မူလွန်ကျောင်း၌ အဖွဲ့အမှတ်(၁)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်း‌ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်းနှင့်အဖွဲ့ဝင်(၃)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတို့က တတ်ရောက်လာကြသောဒေသခံပြည်သူ(၁၅၀)ဦးတို့နှင့်တွေ့ဆုံ၍ အဖွဲ့အမှတ် (၂)မှ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာ၊ သဒ္ဓမ္မ‌ဇောတိကဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုးနှင့်ဌာနဆိုင်ရာများက တတ်ရောက်လာကြ‌သော ကျေးလက်နေပြည်သူ (၁၆၀)ဦးတို့နှင့် တွေ့ဆုံကြ၍ တရားဥပဒေစိုးမိုးရေး၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်းသင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင် ကျောင်းများ မီးဘေး အန္တရာယ်ကင်းရှင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း၆၆/၆ ပြုလုပ် နိုင်ရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုလျော့နည်း စေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ အပြင်ထွက်တိုင်းMaskတပ်ဆင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဆောင်း ဦးထုပ်ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းနှင်ရေး၊ ဆောင်းသီးနှံနေကြာစိုက်ပျိုးရေး၊ စနေနေ့တိုင်း ကျေးရွာအလိုက်၊ နေအိမ်အလိုက်သန့်ရှင်းရေးစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရန်၊ ထင်း၊ မီးသွေး တရားလွန်ထုတ်ယူသုံးစွဲမှုမရှိရေး၊ ထင်းမီးသွေးအစားထိုးစပါးခွံ လောင်စာတောင့်စက်ရုံတည်ဆောက်သုံးစွဲရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများသိရှိလိုသည်များ မေးမြန်းမှုများအား သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများ သိရှိလိုသည်များမေးမြန်းကြရာကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း‌ဖြေကြားဆွေးနွေး ဆောင် ရွက်ပေးခဲ့ကြကြောင်းနှင့် COVID-19 ကာကွယ်ဆေးထိုးရာ ကျန်းမာရေးဌာနမှ ပြည်သူများအား ဆေးထိုးပေးနှံမှုအား ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။

မျိုးဇော်သိန်း(သာပေါင်း ပြန်/ဆက်)