မိုင်းဖြတ် ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဆီထွက် သီးနှံများ တိုးချဲ့စိုက်ပျိုးရန်အတွက်ရည်ရွယ်၍ ဒေသခံတောင်သူများ ပူးပေါင်းပါဝင်စိုက်ပျိုးသည့် ဆောင်းနေကြာစိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက မိုင်းဖြတ်အုပ်စု၊ ဝမ်နောင်ကျေးရွာရှိ ကွင်းအမှတ်(၁၁)၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ငါးအမိုနိုင်အခြေခံ သဘာဝရွက်ဖျန်းအားဆေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် တာဝန်ရှိသူများက တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် စိုက်ပျိုးရန်ဆောင်ရွက်ထားရှိသည့် မြေယာ၌ တောင်သူများနှင့် စိုက်ပျိုး ရေးဦးစီးဌာနမှ ဝန်ထမ်းများကဆောင်းနေကြာများကို စိုက်ပျိုးခဲ့ကြသည်။ ထိုသို့ ဆောင်းနေကြာ စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်နှင့်ဝန်ထမ်းများ၊ တာဝန်ရှိဌာနဆိုင်ရာများတက်ရောက်ကြည့်ရှု အားပေးခဲ့ ကြသည်။
မိုင်းဖြတ်မြို့နယ်တွင် ဆောင်းနေကြာစိုက်ပျိုးမှု လျှာထားချက်စီမံကိန်းမရှိသော်လည်း ဒေသလျှာထားချက်အနေဖြင့် ယခုနှစ်တွင် တောင် သူများပူးပေါင်းပါဝင်သည့် စိုက်ပျိုးဧက(၁၀)ဧကကို စိုက်ပျိုးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် အထွက်နှုန်းထား ကောင်းမွန်သည့် ရေ ဆင်း-၁မျိုးကို စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်ထံက သိရသည်။
မြို့နယ် (ပြန်/ဆက်)