မိုင်းယု ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ နှစ်ခြင်းအသင်းတော်မိသားစုမှ ခရစ်တော်မွေးနေ့အကြို ဂုဏ်ပြုသောအားဖြင့် ကောင်းခြင်းမင်္ဂလာ ဆုတောင်းခြင်းနှင့် ဓမ္မတေးသီချင်းများကို ယမန်နေ့ညပိုင်းက ဒေသတွင်းရှိ အရင်းနှီးသော မိတ်ဆွေများအိမ်သို့ လိုက်လံသီဆိုနေလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကောင်းခြင်းမင်္ဂလာဆုတောင်းခြင်းနှင့် ဓမ္မတေးသီချင်းများကို မိုင်းယုတပည့်တော်စုမှ သင်းအုပ်ဆရာမ ဒေါ်အဲလစ်ဇဘက် ဦးဆောင်သည့် မိုင်းယုမြို့ရှိ အသင်းတော်မိသားစုများပါဝင်သည့် အဖွဲ့များက ဓမ္မဒေသနာတော်များဖတ်ကြားခြင်း၊ မေတ္တာပို့ဆုတောင်းကြခြင်း၊ ဓမ္မတေးသီချင်းများ စုပေါင်းသီဆိုကြခြင်း၊ ခရစ်တော်အား ကျေးဇူးတော်ချီးမွန်းကြခြင်းနှင့် ကောင်းချီးမင်္ဂလာများပေးဆုတောင်းခြင်းများ ပြုလုပ် ၍ ခရစ်တော်မွေးနေ့အကြိုဖြင့် ဂုဏ်ပြုကြိုဆိုနေလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်