မိုင်းလုံ ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၈)နာရီခွဲအချိန်၌ သတင်းရိုက်ကူးရေးသားနည်း သင်တန်းကို ဖွင့်လှစ်လျက်ရှိသည်။
သင်တန်းတွင် မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက သတင်းရေးသားနည်း ပညာရပ်များသည် လက်တွေ့နယ်ပယ်တွင် အရေးပါသည့်အတွက် စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်း၊ သတင်းနှင့်ဓာတ်ပုံသည် တွဲဖက်လျက်ရှိသည့်အတွက် သတင်းတွင် ပါဝင်သည့် အချက်အလက်နှင့် ဓာတ်ပုံတွင်ပါဝင်သည့် အချက်အလက်သည် ထင်ဟပ်ပေါ်လွင်စေရန် သတင်းဓာတ်ပုံရိုက်ကူးသူ၏ အတွေးအခေါ်သည် အရေးကြီးကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဓာတ်ပုံကျွမ်းကျင်(၂) ဦးဌေးလင်းဇော်က သတင်းရေးသား ထုတ်ပြန်ခြင်းနည်းများကို စာတွေ့၊ လက်တွေ့သင်ကြားခြင်းကို ယနေ့ညနေပိုင်း(၄)နာရီအချိန်ထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ ဆက်)