သတင်းများ

(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းကျောင်းကတ္တရာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 12,2023
(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက် မင်းကျောင်းကတ္တရာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
လှိုင်းဘွဲမြို့နယ်မြိုင်ကြီးငူ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အသိပညာပေး  ဟောပြောပွဲဆောင်ရွက်
Jan 12,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊   ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊     အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မြိုင်ကြီးငူ) အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ အမှတ်စဉ်(၅)သင်တန်းကို တက်ရောက်ပညာသင်ကြားနေကြသည့် ‌သင်တန်းသူများအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊  မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တို့ပူးပေါင်း၍ အသိ ပညာပေးဟောပြောပွဲကို  ယမန်နေ့နံနက်၁၀ နာရီအချိန်ကပြုလုပ်ကျင်းပခဲ့သည်။
ပြည်မြို့ လူမှုဝန်ထမ်းရုံး၌ “လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်း” ဆင်းပွဲကျင်းပ
Jan 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးက ကြီးမှူးဖွင့်လှစ်ခဲ့သည့် “လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ” ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို အဆိုပါရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပခဲ့သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မန္တလေးတက္ကသိုလ် ဒီဂရီကောလိပ်၌ ကျောင်းသား/သူများ ပျော်ရွှင်စွာပညာသင်ကြားနေ
Jan 12,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလေးတက္ကသိုလ် ဒီဂရီကောလိပ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/သူ စုစုပေါင်း(၉၃၂)ဦး စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Jan 12,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က(ညောင်ပင်သာ)၊ အ.ထ.က(သကြားစက်)နှင့် သကြားစက်ရုံဝန်ထမ်းများအား သွားရောက် ငှားရမ်းပေးကြသည်။
မိုးကုတ်မြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား (တတိယအကြိမ်) ကာကွယ်ဆေး Booster Does ထိုးနှံ
Jan 12,2023
မန္တ‌လေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား တတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Does) ထိုးနှံခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အောင်ချမ်းသာရပ်ကွက်ရှိ ဘုရားတစ်ထောင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပလောက်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်
Jan 12,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် Online မှတစ်ဆင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အသိပညာပေး လုပ်ငန်းများ လွှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသရှိ ကျေးရွာများတွင် ငှက်ပျောမျိုးစုံတစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jan 12,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားရှိ ဒေသခံများမှာ  နှစ်ရှည်သီးနှံပင်များကိုသာ အဓိကထားစိုက်ပျိုး အသက်မွေးဝမ်းကြောင်းကြသော်လည်း မိမိတို့စားသုံးရန်နှင့် မိသားစုအပိုဝင်ငွေရရှိရန် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။