သတင်းများ

မချမ်းဘော့မြို့နယ်ရှိ နတ်ကျွန်းသို့ အပန်းဖြေလည်ပတ်သူများ ပိုမိုလာရောက်လျက်ရှိ
Jan 12,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ရှိ နတ်ကျွန်းသို့ ပွင့်လင်းရာသီဖြစ်သည့် ဇန်နဝါရီလအတွင်း လာရောက်လည်ပတ်သူများ ပိုမိုလာရောက်လျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆွေးနွေးဆောင်ရွက်
Jan 12,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း၊ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  ယမန်နေ့ နေ့လယ် ၁ နာရီခွဲ အချိန်က ညောင်ဦးမြို့နယ် ၊ကမ္ဘားနီကျေးရွာ၊ အုပ်စု၊ ညောင်ကြီးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းဝင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jan 12,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပသည်။
ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ဆောင်ရွက်
Jan 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများသည် ယမန်နေ့ နံနက်က လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်းနှင့် အိမ်ကြီးလမ်းရှိ စျေးများတွင် ပျံကျဈေးသည်နှင့် ဈေးဝယ်များအား Hand Speaker ဖြင့် အသိပညာပေးပြီး Mask Campaign ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး
Jan 12,2023
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေး ထိုးကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster dose) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်လံမြို့ အထက(ရွာထောင်)ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 12,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၁၀ နာရီက အ-ထ-က(ရွာထောင်) ကျောင်းခန်းမတွင် ကျင်းပရာ မြို့နယ် ပညာရေးမှူး ဦးချစ်လွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့သည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် “ပြည်ထောင်စု၏ထာရအလှ” သီချင်းဖြင့် တိုင်းရင်းသားများ စုပေါင်းအက ရိုက်ကူးထုတ်လွှင့်
Jan 12,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင် းသားတို့၏ ရိုးရာယဉ်ကျေးမှုများ၊ အကများကို လေးစားလိုက်နာစေရန် ရည်ရွယ်၍ ပြည်ထောင်စု၏ ထာဝရအလှ သီချင်းဖြင့် တိုင်းရင်းသားများ စုပေါင်းအက ရိုက်ကူးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရိုက်ကူးခဲ့သည်။
ပေါင်မြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများတတိယ‌နေ့ ဆက်လက်ဆောင်ရွက်
Jan 12,2023
မွန်ပြည်နယ်၊ သထုံခရိုင်၊ပေါင်မြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေးအတွက် အိမ်ထောင်စုစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရန်အတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက တတိယနေ့အဖြစ် ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကွင်းဆင်းကောက်ယူလျက်ရှိကြောင်းသိရသည်။