သတင်းများ

အ.မ.က(မူလွန်) မက်မွန်လောင်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Jan 11,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ အခြေခံပညာမူလွန်ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယ‌နေ့ နံနက်(၉)နာရီအချိန်မှ မွန်းလွဲ(၁:၀၀)နာရီအချိန်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ကျောက်ဖြူမြို့၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေး ဆုလျှောက်ထားလာသည့် ကျောင်းအား ကွင်းဆင်းစစ်ဆေး
Jan 11,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်း အနားတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီး မြှင့်နိုင်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက ဆုရွေးချယ်ရေးကော်မတီအဖွဲ့မှ ကပိုင်ချောင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ကပိုင်ချောင်း)ကျောင်းအား သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပုသိမ်ကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်
Jan 11,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြိုနယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ အထက(ခွဲ)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက အဆိုပါ စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသက်မွေးဝမ်းကျောင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပူးပေါင်းဆောင်ရွက်
Jan 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသက်မွေးဝမ်းကျောင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၁ ရက် နံနက် ၁၀ နာရီက အ မ က(တာမ)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မအီမြို့ ဇိနမာရ်အောင်စေတီတော်၌  အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Jan 11,2023
မအီမြို့တွင် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက် ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒနှင့် (၇)ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် တည်ထားကိုးကွယ်သည့် မာရ်ငါးပါးစေတီတော်များနှင့် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာ၌ အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ(၈)ရက်၊ ပြာသိုလဆုတ်(၃)ရက်နေ့က ရတနာ့မာရ်အောင် ဆံတော်ရှင်စေတီတော်မှ စတင်၍ ဆရာတော်သံဃာတော်များက ရွတ်ဖတ် သရဇ္ဈာယ် ပူဇော်ခဲ့ကြရာ ယမန်နေ့ နံနက်(၉)နာရီအချိန်က မာရ်ငါးပါးစေတီတော်များအနက်မှ ကင်းခြေကျေးရွာ ကြိုးကြာတောင်အရပ်ရှိ ဇိနမာရ်အောင် စေတီတော်မြတ်၌ ရွတ်ဖတ်သရဇ္ဈာယ်  ပူဇော်ခဲ့ကြကြောင်း သိရသည်။
ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 11,2023
ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်းရပ်ကွက်အတွင်းရှိ နေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး
Jan 11,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်းရပ်ကွက်ရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့  နံနက် ၉ နာရီ အချိန်က မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ စတုတ္တအကြိမ် ထပ်ဆောင်းကာကွယ်ဆေး(၄၄၄၅)ဦး ထိုးနှံပြီးဖြစ်
Jan 11,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ကာကွယ်ဆေးများကို အသက်(၅)နှစ်မှ(၁၅)အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းပြင်ပကလေးသူငယ်များ၊ အသက်(၁၅)မှ (၁၈)နှစ်အတွင်းရှိ သာမဏေများ၊ သီလရှင်များ၊ကျောင်းသား/ ကျောင်းသူများ၊ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကို ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲက စတုတ္ထအကြိမ်ထပ်ဆောင်းကာကွယ်ဆေး (၄၄၄၅)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။