သတင်းများ

မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်း စာသင်ခန်းအတွင်းရှိ စာသင်ခုံ/ထိုင်ခုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်
May 30,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းများ ဇွန် ၂ ရက် နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ စာသင်ကြားနိုင်ရေးအတွက် အခြေခံ ပညာကျောင်းများမှ စာသင်ခန်းအတွင်းရှိ စာသင်ခုံ/ထိုင်ခုံများအား သန့်ရှင်းရေးပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
လယ်ဝေးမြို့၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ကျောင်းနေအရွယ်ကလေး ငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပသည်။
ဘုတ်ပြင်းမြို့နယ် မာရ်အောင်ပရိယတ္တိ စာသင်တိုက်သို့ ဆွမ်းဆန်တော်များလှူဒါန်း
May 30,2022
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ ပြည်ထဲရေးမိသားစုမှ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ လှူဒါန်းလျက်ရှိရာ
ကံမမြို့နယ်၌ ကိုဗစ် ၁၉-ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ဆက်လက်ထိုးနှံပေး
May 30,2022
မကွေးတိုင်းဒေသကြီး ကံမမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးအတွက် အသက်(၁၅)နှစ်အထက် (၁၈)နှစ်အကြား လူငယ်များ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသည့် ပြည်သူများအား
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်
May 30,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ ငွေကျပ် သိန်း ၃၄၅ သိန်း တန်းဖိုးရှိ အများပြည်သူစားသုံးရန်မသင့်သော စားသောက်ကုန်များ ဖျက်ဆီး
May 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အများပြည်သူများ ဘေးအန္တရာယ်ဖြစ်စေပြီး စားသုံးရန်မသင့်ဖမ်းဆီးရမိသည့် စားသောက်ကုန်များနှင့်တင်သွင်းရန် တားမြစ်ထားသောဘီယာများ ဖျက်ဆီးဆောင်ရွက်ခြင်းကို မေ ၃၀ ရက် နံနက် ၉ နာရီက ကျိုင်းတုံမြို့နယ် အကောက်ခွန်ဦးစီးဌာန၊  ရုံးဝင်းအတွင်းတွင်ဆောင်ရွက်ခဲ့ကြောင်း သိရဿည်။
သထုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 30,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မေလ ၃၀ ရက်၊ နံနက် ၉ နာရီခန့်က သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပရာ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီး‌ အောင်အောင်ဟိန်း၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
တပ်ကုန်းမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ
May 30,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် တစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်သည့် နည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာပြည် ထောင်စုနယ်မြေ၊နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်မွန်းတန်းကျေးရွာအုပ်စု၊ ကင်မွန်းတန်း(န)ကျေးရွာတွင် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၃၀ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာအခြေခံပညာမူလတန်းကျောင်း၊ စာသင်ဆောင်တွင် ကျင်းပသည်။