ကော့သောင်းမြို့၌ မြေပြင်တစ်အိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 12,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ဇန်နဝါရီ ၉ ရက်နေ့မှ စတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအသီးသီးတို့တွင် စာရင်း ကောက်ယူလျက်ရှိရာ ယနေ့နံနက်တွင် အေးရိပ်ငြိမ်ရပ်ကွက်၌ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။