ကျောက်ဆည် ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ကာကွယ်ဆေးများကို အသက်(၅)နှစ်မှ(၁၅)အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းပြင်ပကလေးသူငယ်များ၊ အသက်(၁၅)မှ (၁၈)နှစ်အတွင်းရှိ သာမဏေများ၊ သီလရှင်များ၊ကျောင်းသား/ ကျောင်းသူများ၊ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကို ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲက စတုတ္ထအကြိမ်ထပ်ဆောင်းကာကွယ်ဆေး (၄၄၄၅)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာ၌ ပထမအကြိမ်တွင် အသက်(၅)နှစ်မှ(၁၅)နှစ်အတွင်း ကျောင်းသား/ကျောင်းသူနှင့် ကျောင်းပြင်ပကလေးငယ်များ၊ အသက်(၁၅)နှစ်နှင့်(၁၈)နှစ်အတွင်း သာမဏေ၊ သီလရှင်နှင့်ကျောင်းသား၊ ကျောင်းသူများ၊ အသက်(၁၂)နှစ်အထက်အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ၊ အသက်(၁၈)နှစ်အထက်ပြည်သူများ၊ စုစုပေါင်း(၂၁၁၄၅၂)ဦးနှင့် ဒုတိယအကြိမ်တွင် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းသား/ကျောင်းသူနှင့်ကျောင်းပြင်ပကလေးငယ်များ၊ အသက်(၁၅)နှစ်နှင့်(၁၈) နှစ်အတွင်း သာမဏေ၊သီလရှင်နှင့် ကျောင်းသား၊ကျောင်းသူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ၊ စုစုပေါင်း(၁၉၂၁၈၈)ဦး၊ တတိယအကြိမ်တွင်(၃၈၇၀၉)ဦးနှင့် စတုတ္ထ အကြိမ်တွင် (၄၄၄၅)ဦးအား ကာကွယ် ဆေးများထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် လွမ်းခြုံမှုရှိစေရေးအတွက် ရက်ကွက်၊ ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာကျောင်း(၆၄)ကျောင်းနှင့် စုကြီးထန်းတောရပ်ကွက်ရှိ မြို့တော်ခန်းမ၊ စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ် ပင်၊ ရဲရွာ၊ ဒွေးလှစသည့် ပြည်သူ့ကျန်းမာရေးဌာနခွဲများနှင့် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)