ကျိုင်းတောင်းမြို့အတွင်း လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေးကွင်းဆင်းဆောင်ရွက်

ကျိုင်းတောင်း ဇန်နဝါရီ  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့အတွင်း ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျှော့ချနိုင်ရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများ စိစစ်ဖော်ထုတ်နိုင်ရေးအတွက် မြို့လျှပ်စစ်ဓာအားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့လျှပ်စစ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့လျှပ်စစ်ဦးစီးမှူး ဦးအောင်အောင်နှင့်ဝန်ထမ်းများက လျှပ်စစ် ဓာတ်အား ပျောက်ဆုံးမှု‌ လျှော့ချနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအတွင်း လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ ဓာတ်အား ပြည့်ဝစွာအသုံးပြုနိုင်ရေးနှင့် အသုံးပြုလျှက်ရှိသောမီတာများ ရပ်/ ပျက် /နှေး ဖြစ်ပေါ်မှု ရှိ/မရှိကိုကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းများကို လစဉ်သတ်မှတ်ရက်များတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဦးစီးမှူး ဦး‌အောင်အောင်ထံမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)