စုကလိ ဇန်နဝါရီ ၁၃
ကရင်ပြည်နယ်မြဝတီ၊ ခရိုင်စုကလိမြို့တွင် တောင်ယာစိုက်ပျိုးသူများအား အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ကော်ဖီစိုက်ပျိုးခြင်းဖြင့် ပုံမှန်ဝင်ငွေ ရရှိစေရန်နှင့် စိုက်ပျိုးနိုင်ကြရန်စေရန် နှစ်စဉ်ဝင်ငွေတိုးဖို့ ကော်ဖီစိုက်ကြစို့ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အား ယမန်နေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show တွင် စာကြည့်တိုက် လက်ထောက်- ၃ ဒေါ်ပိုပိုအောင်က ကော်ဖီအမျိုးအစားများအကြောင်း ၊ ကော်ဖီစိုက်ပျိုးပုံနည်းစနစ်များ ၊ ကရင်ပြည်နယ်တွင် သံတောင်ကြီး၊ လိပ်သိုဒေသများတွင် ကိုယ်ပိုင်ကော်ဖီထုတ်လုပ်နိုင်ကြပြီး စုကလိမြို့တွင် လည်း ရေမြေအခြေခံ တူညီသောကြောင့် စုကလိမြို့မှ ထွက်ရှိသော ကော်ဖီအမျိုးအစားများ စိုက်ပျိုးထုပ်လုပ်နိုင်ကြစေရေး၊ ကော်ဖီနှင့်ပတ်သက်သည့် နည်းပညာအချက်အလက်များ အား မြဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လိုအပ်သလို ကူညီဆောင်ရွက်ပေးနိုင်ပြီး ဖြစ်ကြောင်း ဆွေးနွေးပေးသည်။
ထို့နောက် ရုပ်သံကျွမ်းကျင် - ၃ ဦးကိုကိုအောင်က ကော်ဖီများ စိုက်ပျိုးနိုင်သည့် မြေအမျိုးအစားများအကြောင်း မည်သည့်နေရာများတွင် စိုက်ပျိုးနိုင်မလဲ စိုက်ပျိုးမည့် အပင်အကွာအဝေး ၊ ကျင်းတူးသည့်အခါ အနက်ပေတို့ကို စနစ်တကျ ရှင်းပြပေးခဲ့ပြီး We Love Sukali Page တွင် အချိန်နှင့် တစ်ပြေးညီ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပိုပိုအောင်(ပြန်/ဆက်)