ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျှက်ရှိသည့် ဈေးဆိုင်များ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိ/မရှိ ဈေးဆိုင်များ ကွင်းဆင်းစစ်ဆေး

ညောင်ဦး  ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ဈေးဆိုင်များ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါရှိရေး ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ညောင်ဦးမြို့ အမှတ်(၁)ရပ် ကွက်အတွင်း ရောင်းချလျက်ရှိသည့် ဈေးဆိုင်များကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ ဈေးကွက်အတွင်း ရောင်းချမှု မရှိစေရေး၊ စွဲမက်အမှတ်တံဆိပ်ပါ အချိုရည်များ ရောင်းချမှု မရှိစေရေး၊ သက်တမ်းလွန်မုန့်များ ရောင်းချမှုရှိ/မရှိ၊ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှု မရှိစေရေး၊ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိစေရေးတို့အတွက် စတိုးဆိုင်၊ အိမ်ဆိုင်နှင့် ကုန်စုံဆိုင်များကို ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော်(ခရိုင်ဦးစီးမှူး)နှင့် စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း(ပြန်/ဆက်)